ပရီးမီးယားလိဂ်သမိုင်းတွင် အသက်အငယ်ဆုံး ပွဲထွက်ကစားခွင့်ရသူအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဒေါင်းမန်း

27 May

အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား ဒေါင်းမန်း ဟာ ပရီးမီးယားလိဂ်သမိုင်းတွင် အသက် ၁၆ နှစ်၊ ၁၄၄ ရက်ဖြင့် အသက်အငယ်ဆုံး ပွဲထွက်ကစားခွင့်ရသူအဖြစ် စံချိန်မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒေါင်းမန်း အနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ပွဲထွက်ကစားပြီးနောက် ယခုလို မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား ဒေါင်းမန်း က အာဆင်နယ်အသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ပြီးနောက် အသက်အငယ်ဆုံး ပရီးမီးယားလိဂ်ချန်ပီယံအဖြစ်လည်း မှတ်တမ်းစိုက်ထူနိုင်ခဲ့ပါတယ်။ ဒေါင်းမန်း ဟာ အာဆင်နယ် အသင်းနှင့်အတူ ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၁၃ ပွဲကစားပြီး တစ်ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ (NVS 008)

27 May

ADVERTISE HERE .