“လာမယ့်ရာသီမှာ ထိပ်တန်းအသင်းတစ်သင်းဖြစ်အောင် တည်ဆောက်သွားမယ်လို့ဆိုတဲ့ ဒီဇာဘီ”

26 May

စပါးအသင်းနည်းပြ ဒီဇာဘီ က လာမယ့်ရာသီမှာ ထိပ်တန်းအသင်းတစ်သင်းဖြစ်အောင် တည်ဆောက် သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ စပါးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရဖို့ နောက်ဆုံးပွဲစဉ်အထိ ရုန်းကန်ခဲ့ရပြီး အဆင့်(၁၇)နေရာနဲ့ တင်ကျန်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီတုန်းကလည်း အဆင့်(၁၇)နေရာနဲ့ပဲ အဆုံးသတ်ခဲ့ရပေမဲ့ အဲဒီတုန်းက အဆင့်(၁၈)နေရာကအသင်းနဲ့ ၇ မှတ်ကွာဟခဲ့ပြီး လက်ရှိရာသီမှာတော့ အဆင့်(၁၈)နေရာက ဝက်စ်ဟမ်းအသင်းနဲ့ ၂ မှတ်သာ ကွာဟခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးပွဲစဉ်မှာ စပါးအသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့ အနိုင်ရရှိခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းက ပရီးမီးယားလိဂ် ခေတ်တစ်လျှောက် တတိယအကြိမ်အဖြစ် တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။ အီတလီနည်းပြ ဒီဇာဘီ ဟာ စပါးအသင်းကို ပြီးခဲ့တဲ့ မတ်လကမှ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး တန်းဆင်းအန္တရာယ်က လွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ စပါးအသင်းက ဒီဇာဘီကို ရေရှည်လက်တွဲဖို့ ရည်ရွယ်ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုထားပါတယ်။ (NVS 008)

26 May

ADVERTISE HERE .