“ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်း ဆုကြေးပေါင်သန်း ၂၀၀ နီးပါးရရှိ”
26 May
၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဆုကြေး ပေါင်သန်း ၂၀၀ နီးပါး ရရှိမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီတုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးလ်အသင်းက ဆုကြေးပေါင် ၁၇၄ ဒသမ ၉ သန်းသာ ရရှိခဲ့ပေမယ့် ဒီရာသီမှာ အာဆင်နယ်အသင်းက ပေါင် ၁၉၈ ဒသမ ၇ သန်း ရရှိမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က ပြည်တွင်း၊ ပြည်ပရုပ်သံဝင်ငွေတွေနဲ့ စပွန်ဆာဝင်ငွေတွေအပေါ် မူတည်ပြီး ပြိုင်ပွဲဝင်အသင်းတွေကို ဆုကြေးခွဲဝေ ပေးခြင်းဖြစ်သလို၊ ချန်ပီယံအသင်းနဲ့ ဒုတိယအသင်းအကြား ကွာခြားမှုနည်းပါးလာပါတယ်။ ရပ်တည်မှုအဆင့် တစ်ဆင့်ချင်းအလိုက် ဆုကြေးနှုန်းထား မြင့်တက်သွားတာကြောင့် တန်းဆင်းရတဲ့အသင်းနဲ့ ချန်ပီယံအသင်းကတော့ ကွာခြားမှုများပြားပါတယ်။ ဒါကြောင့် ဒီရာသီမှာ အာဆင်နယ်အသင်းက ဆုကြေး ပေါင် ၁၉၈ ဒသမ ၇ သန်းရရှိသလို ဒုတိယနေရာက မန်စီးတီးက ပေါင် ၁၉၂ ဒသမ ၅ သန်း၊ တတိယနေရာက မန်ယူအသင်းက ပေါင် ၁၉၁ ဒသမ ၅ သန်း ရရှိပါတယ်။ အဆင့်(၂၀)နေရာက တန်းဆင်းခဲ့ရတဲ့ ဝုလ်ဗ်အသင်းကတော့ ဆုကြေးပေါင် ၁၁၇ ဒသမ ၇ သန်းသာ ရရှိကြောင်း သိရပါတယ်။ (NVS 008)