“လာလီဂါဂိုးသွင်းဘုရင်ဆုကို ၂ နှစ်ဆက် ဆွတ်ခူးခဲ့တဲ့ အမ်ဘာပေ”

25 May

ရီးရဲလ်အသင်းတိုက်စစ်မှူး အမ်ဘာပေ က လာလီဂါဂိုးသွင်းဘုရင်ဆုကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးခဲ့ပါတယ်။ အမ်ဘာပေ ဟာ အခုရာသီမှာ လာလီဂါ ၃၁ ပွဲကစားကာ သွင်းဂိုး ၂၅ ဂိုးတည်းနဲ့ ဂိုးအများဆုံး ဖြစ်ခဲ့ပါတယ်။ အမ်ဘာပေ နောက်မှ မာယော့ကာတိုက်စစ်မှူး မူရီကီ က ၂၂ ဂိုး၊ အိုဆာဆူနာတိုက်စစ်မှူး ဘူဒီမာက ၁၇ ဂိုး တို့ က အသီးသီးရပ်တည်ခဲ့ကြပါတယ်။ အမ်ဘာပေ အနေနဲ့ ပြီးခဲ့တဲ့ရာသီက ဒီဆုကို ၃၁ ဂိုးနဲ့ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေ ဟာ အဆိုပါ ဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးခဲ့တဲ့ ဒီစတီဖာနို၊ ပွတ်ရှ်ကပ်စ်၊ အာမန်စီယို၊ ဟူဂိုဆန်းချက်ဇ်၊ စီရော်နယ်လ်ဒို စတဲ့ ဂန္ထဝင်တွေနဲ့အတူ တန်းတူ ရပ်တည်နိုင်ခဲ့ပါတယ်။ အမ်ဘာပေ ဟာ ၂၀၂၄ နွေရာသီမှာ ရီးရဲလ်အသင်းကို ရောက်လာပေမယ့် ပြည်တွင်းဖလား မရဖူးသေးဘဲ ဥရောပစူပါဖလားနဲ့ FIFA Intercontinental Cup တွေသာ ရရှိထားခဲ့ပါတယ်။ (NVS 008)

25 May

ADVERTISE HERE .