“ဘာစီလိုနာအသင်းကို ဂိုး ၁၂၀ ပြည့်နဲ့အတူ နှုတ်ဆက်ခဲ့တဲ့ လီဝန်ဒေါစကီး”

25 May

ဘာစီလိုနာဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး ဟာ ဂိုး ၁၂၀ ပြည့်နဲ့အတူ အသင်းကို နှုတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။ ရာသီပိတ်ပွဲမှာ ဗလင်စီယာအသင်းကို ၁ ဂိုး ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် လီဝန်ဒေါစကီး က ဘာစီလိုနာအတွက် သွင်းဂိုး တစ်ဂိုး သွင်းပေးယူခဲ့ပါတယ်။ လီဝန်ဒေါစကီး အနေနဲ့ ဘာစီလိုနာအသင်းအတွက် လေးရာသီအတွင်း ပြိုင်ပွဲစုံ ၁၉၃ ပွဲမှာ ဂိုး ၁၂၀ သွင်းယူခဲ့ပါတယ်။ အဆိုပါ သွင်းဂိုးအရေအတွက်ဟာ ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးစာရင်း၌ အဆင့် ၁၄ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ လီဝန်ဒေါစကီး အနေနဲ့ ဘာစီလိုနာနာမည်ကျော်ကစားသမားဟောင်းတွေဖြစ်တဲ့ နေမာ၊ ရော်နယ်လ်ဒင်ဟို၊ ဇာဗီ၊ အင်နီယေစတာ၊ အွန်နရီ၊ ရော်နယ်လ်ဒို၊ ဒေးဗစ်ဗီလာ၊ ယိုဟန်ခရိုက်ဖ် တို့အထက်မှာ ရှိနေခဲ့ပါတယ်။ လီဝန်ဒေါစကီး ဟာ ဘာစီလိုနာအသင်းနဲ့ လေးနှစ်တာအတွင်း လာလီဂါဖလား သုံးကြိမ်၊ စပိန်ဘုရင့်ဖလား တစ်ကြိမ်၊ စပိန်စူပါဖလား သုံးကြိမ် စုစုပေါင်း ဖလားရှစ်လုံး ဆွတ်ခူးခဲ့ပါတယ်။ (NVS 008)

25 May

ADVERTISE HERE .