“မန်ယူအသင်းက နည်းပြ ကာရစ် ကို အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်”

24 May

မန်ယူအသင်းက အသင်းယာယီနည်းပြ ကာရစ် ကို အမြဲတမ်းနည်းပြအဖြစ် ၂ဝ၂၈ ခုနှစ်အထိ စာချုပ် ချုပ်ဆိုကာ ခန့်အပ်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ နည်းပြ ကာရစ် ဟာ မန်ယူအသင်းကို ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်(၃) နေရာသို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် အသင်းက အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ ကာရစ် အနေနဲ့ မန်ယူအသင်းကို ၂ဝ၂၆ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်မှာ စတင်တာဝန်ယူခဲ့ပြီး ပြိုင်ပွဲ ၁၆ ပွဲတွင် ၁၁ ပွဲနိုင်၊ သုံးပွဲ သရေ၊ နှစ်ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၄၄ နှစ်အရွယ် နည်းပြ ကာရစ် က အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံရလို့ ပျော်ရွှင်မိကြောင်းနဲ့ အသင်းနှင့်အတူ အောင်မြင်မှုတွေရရှိအောင် ဆက်လက်ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။(NVS 008)

24 May

ADVERTISE HERE .