“ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် အယ်နာဆာအသင်းကို ချန်ပီယံဆုဆွတ်ခူးပေးနိုင်ပြီးနောက် နည်းပြ ဂျီးဆပ် အသင်းမှထွက်ခွာ”

24 May

အယ်နာဆာအသင်း ဝါရင့်နည်းပြ ဂျီးဆပ် ဟာ ယခုဘောလုံးရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးပေးနိုင်ခဲ့ပြီးနောက် အသင်းမှ စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာခဲ့ကြောင်းသိရပါတယ်။ အယ်နာဆာအသင်းက နည်းပြဂျီးဆပ် ကို အသင်းအား ဆက်လက်တာဝန်ယူ ကိုင်တွယ်စေလိုသော်လည်း ဂျီးဆပ် ကိုယ်တိုင်က အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုဘောလုံးရာသီတွင် အသင်းနှင့်အတူ ပထမဆုံးဘောလုံးရာသီ၌ပင် အယ်နာဆာအသင်းနှင့် နှစ်ပေါင်းအတန်ကြာ ကွာဝေးနေသည့် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ ဂျီးဆပ် အနေနဲ့ အယ်နာဆာအသင်းကို ယခုဘောလုံးရာသီ၌ ပြိုင်ပွဲစုံ ၄၉ ပွဲ တာဝန်ယူကိုင်တွယ် ရာတွင် ပွဲပေါင်း ၄၀ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ပြီး နှစ်ပွဲသရေရလဒ်နှင့် ခုနစ်ပွဲရှုံးနိမ့်ကာ နိုင်ပွဲရရှိမှုရာခိုင်နှုန်း ၈၂ ရာခိုင်နှုန်းအထိ စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိတွင် နည်းပြ ဂျီးဆပ် က ပေါ်တူဂီအသင်း နည်းပြသစ် အဖြစ် ရေပန်းစားလျက်ရှိကြောင်း သိရပါတယ်။(NVS 008)

24 May

ADVERTISE HERE .