“အေစီမီလန်နှင့် ရိုးမားအသင်းတို့က ဆာလက် အား အပြိုင်ခေါ်ယူရန်ကြိုးပမ်း”

24 May

ယခုဘောလုံးရာသီအကုန်တွင် လီဗာပူးအသင်းမှထွက်ခွာမည့် တိုက်စစ်ကစားသမား ဆာလက် အား စီးရီးအေ ကလပ်အသင်းများဖြစ်တဲ့ အေစီမီလန်နှင့် ရိုးမားအသင်းတို့က အပြိုင်ခေါ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် ဆာလက် အနေနဲ့ ယခုဘောလုံးရာသီအကုန်တွင် လီဗာပူးအသင်းမှ အလွတ်ပြောင်း ရွှေ့ကြေးဖြင့် ထွက်ခွာမည်ဖြစ်ပြီး အစောပိုင်းက ဆော်ဒီထိပ်တန်းကလပ်အသင်းကြီးများနှင့် အပြောင်းအရွှေ့ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ အေစီမီလန်နှင့် အသင်းဟောင်း ရိုးမားအသင်း တို့က ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ ဆာလက် ဟာ လီဗာပူးအသင်းသို့ မပြောင်းရွှေ့မီက ရိုးမားအသင်းတွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့ပြီး ၂၀၁၇ ခုနှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရိုးမားအသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပါတယ်။ ဆာလက် အား ဆော်ဒီထိပ်တန်းကလပ်အသင်းကြီးများက ခေါ်ယူလိုနေသော်လည်း ဆာလက် ကိုယ်တိုင်က ဥရောပတွင် ဆက်လက်ကစားလိုတဲ့အတွက် အေစီမီလန်အသင်းထက် အသင်းဟောင်းဖြစ်တဲ့ ရိုးမားအသင်းသို့သာ ဦးစားပေးပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။(NVS 008)

24 May

ADVERTISE HERE .