“အီတလီစီးရီးအေပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အင်တာမီလန်အသင်းမှ ဒီမာကို ဆွတ်ခူး”

24 May

ယခုနှစ်ဘောလုံးရာသီ အီတလီစီးရီးအေပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို အင်တာမီလန် အသင်း ကွင်းလယ်ကစားသမား ဒီမာကို က ဆွတ်ခူးခဲ့ကြောင်း B/R Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဒီမာကို ဟာ ယခုနှစ်ဘောလုံးရာသီတွင် အင်တာမီလန်အသင်း အီတလီ စီးရီးအေပြိုင်ပွဲ၌ ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီးနောက် အီတလီစီးရီးအေပြိုင်ပွဲရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။ ဒီမာကို အနေနဲ့ အီတလီစီးရီးအေပြိုင်ပွဲ ၃၄ ပွဲပါဝင်ကစားခဲ့ရာ သွင်းဂိုးခြောက်ဂိုးနှင့် ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ခဲ့ပြီး အီတလီစီးရီးအေပြိုင်ပွဲတွင် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအကြိမ်ရေအများဆုံး လုပ်ဆောင်နိုင်တဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီးနောက် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ပါတယ်။(NVS 008)

24 May

ADVERTISE HERE .