“ရန်ကုန်မြို့ Sedona Hotel ၌ အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲကို ဇွန်လ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပမည်”

23 May

ပြည်ပနိုင်ငံများမှ နိုင်ငံခြားသားခရီးသွားများ မြန်မာ့အလှနှင့် ယဉ်ကျေးမှုဒေသများကို ပိုမိုသိရှိလည်ပတ် နိုင်စေရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန်အတွက် အပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲကို ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ရန်ကုန်မြို့ Sedona Hotel ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ ကိုဗစ်ကာလနောက်ပိုင်း ပြည်ပခရီးသွားဝင်ရောက်မှု လျော့နည်းသွားခဲ့တာကြောင့် ခရီးသွားပြပွဲများကို ပြန်လည်ဖော်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာဓလေ့များ၊ သဘာဝအလှများ၊ အပန်းဖြေကမ်းခြေများ၊ ရိုးရာအစားအစာများနှင့် ဆင်ယင်ထုံးဖွဲ့မှုများ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရှားပါးတောရိုင်းတိရစ္ဆာန်များနှင့် ရှားပါးအပင်မျိုးစိတ်များကို လေ့လာကြည့်ရှုအပန်းဖြေနိုင်ရန် အပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲကို စီစဉ်ကျင်းပရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲတွင် ဥရောပ၊ အာရှနဲ့ အာဆီယံနိုင်ငံများမှ ပြည်ပခရီးသွားများ တိုးတက် လာရောက်လည်ပတ်နိုင်ရန် ခရီးသွားမြှင့်တင်ခြင်းနှင့် မြန်မာနိုင်ငံမှာ အေးချမ်းပျော်ရွှင်စွာ လာရောက်လည်ပတ် နိုင်ကြောင်း ကမ္ဘာသိအောင်ပြသသည့်ပွဲဖြစ်ကြောင်း၊ ၎င်းပွဲကို Business to Business လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတော်မှလည်း ခရီးသွားလုပ်ငန်းမြှင့်တင်မှုကို ဖော်ဆောင်နေချိန်တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း အနေဖြင့်လည်း နိုင်ငံတော်နှင့်အတူ မြန်မာ့ခရီးသွားမြှင့်တင်မှုကို ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ခရီးသွားပြပွဲတွင် ပြည်တွင်း/ပြည်ပခရီးသွားဒေသများ၊ ခရီးသွားဆိုင်ရာဆွေးနွေးပွဲများ၊ လေကြောင်းလိုင်း များ၊ ဟိုတယ်များ၊ ဘဏ်များနှင့် အာမခံများ၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပခရီးသွား လုပ်ငန်းဆိုင်ရာ ပြခန်းများနှင့် စွန့်ဦးတီထွင်ပြခန်းများကို ထည့်သွင်းပြသသွားမှာဖြစ်ပါတယ်။ ထို့အတူ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ စပိန်၊ ပြင်သစ်၊ အီဂျစ်၊ စလိုဗက်ကီးယား၊ ရိုမေးနီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ နီပေါ၊ ဗီယက်နမ်၊ ဘူတန်၊ ဖိလစ်ပိုင်နှင့် အခြားနိုင်ငံများမှ ခရီးသွားဆိုင်ရာ ကုမ္ပဏီများပါဝင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်မှုကဏ္ဍတွင် ပုဂံ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ငွေဆောင်ကမ်းခြေနှင့် အခြားခရီးသွားဒေသများကို အဓိကထား၍ ဖော်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။(NVS 004)

23 May

ADVERTISE HERE .