“သရေခေတ္တရာပြတိုက်အတွင်း ခင်းကျင်းပြသထားရှိမှု ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး”
23 May
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသ သရေခေတ္တရာမြို့ဟောင်းအတွင်းရှိ ငလျင် ဒဏ်ကြောင့် ထိခိုက်ခဲ့သော ဘောဘောကြီးစေတီတော် ပြန်လည်ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများဆောင်ရွက်နေမှု၊ ပျူခေတ်သင်္ဂြိုဟ်မြှုပ်နှံခဲ့သည့် အထောက်အထားများရှိသည့် အရိုးအိုးကုန်း(တူးဖော်မှုကုန်းအမှတ်-၅၃)နှင့် ငလျင်ဒဏ် ကြောင့် ထိခိုက်ခဲ့သော လေးမျက်နှာဂူဘုရား ပြန်လည်ပြုပြင်ထိန်းသိမ်းထားရှိမှုများကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က မေလ ၂၂ ရက်တွင် လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပါတယ်။ ထို့နောက် ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း(ပြည်)၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေ၊ ဖော်ထုတ်၊ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ ပိုမို ကျယ်ပြန့်စွာသိရှိနိုင်စေရန်၊ ပြည်သူလူထုအား အသိပညာပေးဟောပြောခြင်းနှင့် စာသင်ကျောင်းများတွင် အသိပညာပေး Educated ပြုလုပ်၍ အသိပညာဗဟုသုတများတိုးတက်အောင် ဆောင်ရွက်စေလိုကြောင်းမှာကြားကာ ရှေးဟောင်း ပစ္စည်းများအား သိပ္ပံနည်းကျ သက်တမ်းတွက်ချက်သည့် Thermoluminescence Dating ဓာတ်ခွဲခန်းကို ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် ပြည်မြို့ အလင်္ကာဟိုတယ်၌ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ သရေခေတ္တရာဇုန်မှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ပြည်ဒေသသည် ပြည်ပခရီးသွား ဧည့်သည်များ စိတ်ဝင်စားသည့် ဒေသတစ်ခုဖြစ်သည့်အပြင် ယဉ်ကျေးမှုကို အခြေခံသော ခရီးစဉ်ဒေသများစွာရှိသဖြင့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Media များတွင်ကြော်ငြာ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်သွားရန်နှင့် ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းပူးပေါင်း၍ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရပါတယ်။(NVS 004)