“ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများက NATO နှင့် ရုရှားကြား စစ်ဖြစ်စေနိုင်”
23 May
ယူကရိန်းအနေဖြင့် NATO တပ်ဖွဲ့ဝင်နိုင်ငံများ၏ ပိုင်နက်များကိုဖြတ်ကျော်ပြီး ရုရှားနိုင်ငံအတွင်းသို့ ဒရုန်း များဖြင့် တိုက်ခိုက်နေမှုသည် NATO တပ်ဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့ကြား စစ်ဖြစ်စေနိုင်သည်အထိ ဖြစ်လာ နိုင်ကြောင်း ဆလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် ရောဘတ်ဖီကို ကပြောသည်။ မတ်လအလယ်ပိုင်းမှစ၍ ယူကရိန်းမှ တာဝေးပြေးဒရုန်းများသည် ဘောတစ်နှင့် နောဒစ် ဝေဟင်ပိုင်နက် များကို အကြိမ်ကြိမ်ဖြတ်ကျော်ပျံသန်းကာ ရုရှားနိုင်ငံအတွင်း တိုက်ခိုက်မှုများလုပ်ဆောင်နေကြောင်း၊ ယူကရိန်း၏ ဒရုန်းများက NATO တပ်ဖွဲ့ဝင်နိုင်ငံများ၏ နယ်နိမိတ်၌ ပျက်ကျမှုဖြစ်နေသည်ဟူသော သတင်းများကို အကြိမ်ကြိမ် ကြားနေရကြောင်း၊ ထို့ကြောင့် အနောက်အုပ်စုမှခေါင်းဆောင်များအနေဖြင့် ရုရှားနှင့် တိုက်ရိုက်ဆွေးနွေးမှုများကို ဆက်လက် ရှောင်ရှားနေမည်ဆိုပါက ထိန်းချုပ်မရနိုင်သော စစ်ရေးတင်းမာမှုများ ဖြစ်လာစေမည်ဖြစ်ကြောင်း ဆလိုဗက်ကီးယားဝန်ကြီးချုပ်က ပြောထားသည်ဟုသိရသည်။