ကုန်ဈေးနှုန်းသတင်း ၂၂.၅.၂၀၂၆
22 May
မေလ ၂၂ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ပဲစင်းငုံနီနဲ့ မန်ကျည်းသီးဈေးတွေ အနည်းငယ် ကျဆင်းလာပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ထန်းလျက်၊ သကြားနဲ့ အခြားပဲအများစု ဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၅,၂၆၂ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၅,၂၁၇ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၉၉၀ ကျပ်ကနေ ၅,၀၂၅ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၅,၀၄၅ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၅,၅၂၀ ကျပ်ကနေ ၆,၆၈၅ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၅၈၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၉,၄၇၅ ကျပ်ကနေ ၁၀,၆၂၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၃၈၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၂၅၀ ကျပ်ကနေ ၃,၄၂၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၀,၅၀၀ ကျပ်ကနေ ၁၁,၁၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၈၃၀ ကျပ်ကနေ ၁,၈၅၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၈,၄၂၀ ကျပ်၊ ကြက်သွန်နီ(ဆိပ်ဖြူ) တစ်ပိဿာကို ၁,၇၀၀ ကျပ်ကနေ ၂,၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၂၀,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၄၀၀ ကျပ်ကနေ ၆,၃၀၀ ကျပ်၊ မန်ကျည်းသီး (ပွင့်ကပ်/အသား) တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၇,၂၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၄,၂၀၀ ကျပ်၊ အာလူး (အောင်ပန်း)တစ်ပိဿာကို ၁,၈၀၀ ကျပ်ကနေ ၂,၅၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၈၅,၀၀၀ ကျပ်ကနေ ၃၀၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၉၅,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ်ကနေ ၄၂,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၄၆ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၃၂၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၃၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၄,၅၈၅ ကျပ်၊ မန္တလေးမှာ ၄,၇၇၀ ကျပ်၊ နေပြည်တော်မှာ ၄,၇၁၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၄,၆၅၀ ကျပ်၊ မန္တလေး မှာ ၄,၈၄၀ ကျပ်၊ နေပြည်တော်မှာ ၄,၇၇၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၄၆၀ ကျပ်၊ မန္တလေးမှာ ၄,၆၄၀ ကျပ်၊ နေပြည်တော်မှာ ၄,၅၈၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၄၈၅ ကျပ်၊ မန္တလေးမှာ ၅,၆၇၀ ကျပ်၊ နေပြည်တော်မှာ ၅,၆၁၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၇,၁၀၀,၀၀၀ိ/-) ခုနစ်ဆယ် တစ်သိန်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၁၀,၃၂၀,၀၀၀ိ/-) တစ်ရာ သုံးသိန်း နှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။