“Franch Open တင်းနစ်ပြိုင်ပွဲဝင်မည့် ဂျိုကိုဗစ် က နည်းပြသစ်ခန့်အပ်”
22 May
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပသွားမယ့် French Open တင်းနစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေတဲ့ ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ် က ကြီးမားသော ပြင်ဆင်မှုတစ်ရပ်အနေနဲ့ နည်းပြသစ်အဖြစ် ဆားဘီးယားနိုင်ငံသား ထရိုအစ်ကီ ကို ခန့်အပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဂျိုကိုဗစ် ဟာ တင်းနစ်လောကရဲ့ အအောင်မြင်ဆုံးသော တင်းနစ်ကစားသမားစာရင်းမှာ ပါဝင်နေသူဖြစ်ပြီး ဂရန်းစလန်းဆုဖလား ၂၄ လုံးထိ ဆွတ်ခူးထားတဲ့အတွက် ဂရန်းစလန်းဆုဖလားတစ်လုံးသာ ထပ်မံဆွတ်ခူးနိုင်ပါက တင်းနစ်လောကသမိုင်းတစ်လျှောက် ဂရန်းစလန်းဆုဖလားအများဆုံး ဆွတ်ခူးနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်း ဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဂျိုကိုဗစ် က French Open တင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ရန် ပစ်မှတ်ထားနေတဲ့ အတွက် ပြင်ဆင်မှုများပြုလုပ်နေခြင်း ဖြစ်ပါတယ်။(NVS 008)
22 May