“ရူဘင်အာမိုရင် ကို နည်းပြသစ်အဖြစ်ခန့်အပ်ရန် စီစဉ်နေတဲ့ ဘင်ဖီကာအသင်း”

22 May

ဘင်ဖီကာအသင်းက အသင်းနည်းပြသစ်အဖြစ် နည်းပြ ရူဘင်အာမိုရင် ကို ခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၄၁ နှစ်အရွယ် နည်းပြ အာမိုရင် အနေနဲ့ နည်းပြဘဝတစ်လျှောက်မှာ စပို့တင်းလစ္စဘွန်း၊ ဘရာဂါ၊ မန်ယူ စတဲ့အသင်းများကို ကိုင်တွယ်ပြီး အတွေ့အကြုံရှိတဲ့ နည်းပြတစ်ဦးဖြစ်ခြင်းကြောင့် ဘင်ဖီကာအသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ နည်းပြ အာမိုရင် ကိုယ်တိုင်ကလည်း လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေခြင်းကြောင့် ဘင်ဖီကာအသင်းရဲ့ ကမ်းလှမ်းလာမှုကို လက်ခံသွားဖွယ်ရှိနေပါတယ်။ ဒါကြောင့် နည်းပြ အာမိုရင် ကို လက်ရှိထွက်ပေါ်နေတဲ့ သတင်းများအတိုင်း ဘင်ဖီကာအသင်းနည်းပြသစ်အဖြစ် မြင်တွေ့ရမလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။(NVS 008)

22 May

ADVERTISE HERE .