“ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပေါ်တူဂီလူစာရင်း ထုတ်ပြန်”

21 May

ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ် က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပေါ်တူဂီအသင်းရဲ့ အပြီးသတ် ၂၇ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီး ဒီယေဂိုဂျိုတာလည်း အတူရှိနေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားသမားအရေအတွက် အများဆုံး ၂၆ ဦးသာခေါ်ယူသွားရမှာဖြစ်ပေမယ့် ဂိုးသမားတွေထဲမှာ ဒဏ်ရာပြဿနာရှိလာခဲ့ရင် အစားထိုးဖို့ စတုတ္ထဂိုးသမား ရီကာဒိုဗယ်လ်ဟို ကို ထည့်သွင်း ရွေးချယ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ ပေါ်တူဂီအသင်းကို ပွဲအများဆုံးနဲ့ ဂိုးအများဆုံးကစားသမား စီရော်နယ်ဒို က ဆက်လက်ဦးဆောင်မှာဖြစ်ပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက စီရော်နယ်ဒို အတွက် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းက လူစုံတက်စုံနဲ့ တောင့်တင်းမှုရှိနေပြီး ရူဘင်ဒီယက်စ်၊ ကန်ဆယ်လို၊ နူနိုမန်ဒက်စ်၊ ဒါလော့၊ ဘာနာဒိုဆေးလ်ဗား၊ ဘရူနိုဖာနန်ဒက်စ်၊ ဗီတင်ညာ၊ ဂျော်အိုဖေးလစ်၊ ရာဖေးလ်လီယာအို၊ ဂွန်ကာလိုရာမို့စ်၊ ပတ်ဒရိုနက်တို တို့လည်း ပါဝင်ခဲ့ပါတယ်။ (NVS 008)

21 May

ADVERTISE HERE .