“ဝက်စ်ဟမ်းအသင်း တန်းဆင်းခဲ့ပါက လန်ဒန်မြို့နေပြည်သူများ အခွန်ပိုဆောင်ရမယ်”

21 May

ဝက်စ်ဟမ်းအသင်း ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရင် လန်ဒန်မြို့နေ အခွန်ထမ်းပြည်သူတွေအနေနဲ့ အခွန်ပိုဆောင်ရဖို့ ရှိနေပါတယ်။အခွန်တိုးဆောင်ရမယ့် ငွေပမာဏဟာ ပေါင် ၂ ဒသမ ၅ သန်းခန့် ရှိမယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ အိမ်ကွင်းအဖြစ် London Stadium ကို ငှားရမ်းထားတဲ့ သဘောတူညီချက်ကြောင့် အခုလိုပေးဆောင်ရတာ ဖြစ်ပါတယ်။ အဆိုပါ ငှာရမ်းမှုကို ၉၉ နှစ်အထိ လက်မှတ်ထိုးစာချုပ်ချုပ်ဆိုထားတာဖြစ်တာကြောင့် သဘောတူညီချက်အရ ဝက်စ်ဟမ်းအသင်းဟာ လန်ဒန်အာဏာပိုင်တွေကို တစ်နှစ် ပေါင် ၄ ဒသမ ၄ သန်း ပေးချေနေရတော့မှာ ဖြစ်ပါတယ်။ လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်း က ၂၀၁၂ ခုနှစ် ဘောရစ်ဂျွန်ဆင် လက်ထက် သဘောတူညီခဲ့မှုကို အဆိုးရွားဆုံး စာချုပ်လို့ ဝေဖန်ခဲ့ပါတယ်။ (NVS 008)

21 May

ADVERTISE HERE .