“မေလ ၃၁ ရက်မှာ လှည့်လည်အောင်ပွဲခံမယ့် ပရီးမီးယားလိဂ်ချန်ပီယံအာဆင်နယ်အသင်း”

21 May

၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်းဟာ လန်ဒန်မြို့အတွင်း ဆုဖလားနဲ့ လှည့်လည် အောင်ပွဲခံမှုကို မေလ ၃၁ ရက် တနင်္ဂနွေနေ့မှာ ပြုလုပ်သွားဖို့ စီစဥ်ထားကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းဟာ မေလ ၃၀ မှာ PSG အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ယှဥ်ပြိုင်ကစားရမှာ ဖြစ်တာကြောင့် မေလ ၃၁ မှာ အောင်ပွဲခံအခမ်းအနားကျင်းပဖို့ စီစဥ်နေခြင်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဖလားကိုပါ ရယူနိုင်ခဲ့ရင် ဖလားနှစ်လုံးချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ရရှိမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဘုန်းမောက်နဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်ကို လေ့ကျင့်ရေးကွင်းမှာ စုဝေးကြည့်ရှုခဲ့ပြီး ပွဲအပြီးမှာ အောင်ပွဲခံခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)

21 May

ADVERTISE HERE .