“ဘာကိုလာ အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၈၀ သတ်မှတ်လိုက်တဲ့ ပီအက်စ်ဂျီအသင်း”
20 May
ပီအက်စ်ဂျီအသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် လီဗာပူးအသင်းကခေါ်ယူရန် ကြိုးပမ်းနေသည့် အသင်းမှ လူငယ်တိုက်စစ်ကစားသမား ဘာကိုလာ အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၈၀ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ဘာကိုလာ ဟာ ၂၀၂၃ ခုနှစ်က လိုင်ယွန်အသင်းမှ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ ကစားပြီးနောက် အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သော်လည်း အသင်းတိုက်စစ်ပိုင်းတွင် ခါဗီချာ၊ ဒမ်ဘီလီနှင့် ဒူအီ တို့နောက်တွင်သာ လူစားဝင်ကစားသမားအဖြစ် ကစားနေရသူဖြစ်ပါတယ်။ ဘာကိုလာ ကိုယ်တိုင်က အသင်း၌ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားနေရတဲ့အတွက် လာမည့် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ပုံမှန်ပွဲထွက်ခွင့်ရရှိနိုင်မည့် ထိပ်တန်းအသင်းတစ်သင်းကို ပြောင်းရွှေ့ လိုနေပြီး လီဗာပူးအသင်းကလည်း ရာသီအကုန်တွင် အသင်းမှထွက်ခွာမည့် ဆာလက် ရဲ့နေရာ၌ ဘာကိုလာ နှင့် အစားထိုးလိုတာကြောင့် ပီအက်စ်ဂျီအသင်းကလည်း မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်ကို သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရပါတယ်။(NVS 008)