“ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဗယ်ဗာဒီ အားခေါ်ယူရန် မန်စီးတီးအသင်းကြိုးပမ်း”

20 May

မန်စီးတီးအသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဗယ်ဗာဒီ အားခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဗယ်ဗာဒီ ဟာ နောက်ပိုင်းဘောလုံးရာသီများတွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြ လျက်ရှိပြီး ယခုဘောလုံးရာသီတွင်လည်း အသင်းအတွက် အရေးပါသည့်သွင်းဂိုးများကို သွင်းယူနိုင်ခဲ့ကာ အရေးပါသည့် ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ ပြီးခဲ့သည့်ရက်ပိုင်းက ဗယ်ဗာဒီ အနေနဲ့ အသင်းဖော် ချူအာမန်ဒီ နှင့် လေ့ကျင့်ရေးကွင်းအတွင်း အချင်းများ ခဲ့သည့်အပြင် အသင်းအဝတ်လဲခန်းအတွင်း၌လည်း ထိုးကြိတ်ကြသည်အထိ ထပ်မံအချင်းများခဲ့လို့ ဗယ်ဗာဒီ တွင် ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပါတယ်။ ၎င်းတို့နှစ်ဦး အချင်းများပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ၎င်းတို့နှစ်ဦးအနက် တစ်ဦးကို ပြန်လည်ရောင်းချတော့မှာဖြစ်ပါတယ်။ လက်ရှိတွင် ကွင်းလယ်ကစားသမား ဗယ်ဗာဒီ ကိုယ်တိုင်ကလည်း အသင်း၌ ဆက်လက်ကစားလိုခြင်း မရှိတော့တဲ့အတွက် အသင်းမှထွက်ခွာရန် ပြင်ဆင်နေကာ အစောပိုင်းကတည်းက ၎င်းကို မန်ယူအသင်းကခေါ်ယူရန် ကြိုးပမ်းနေပြီး ယခုအခါ မန်စီးတီးအသင်းကလည်း ရိုဒရီ ရဲ့နေရာ၌ အစားထိုးရန်အတွက် ဗယ်ဗာဒီ ကိုခေါ်ယူရန် စတင်ကြိုးပမ်းနေကြောင်း သိရပါတယ်။(NVS 008)

20 May

ADVERTISE HERE .