“ကစားသမားဘဝ သွင်းဂိုး ၁၅ဝ ပြည့်မြောက်ခဲ့တဲ့ ဗင်နီစီယပ်စ်”

20 May

ဘရာဇီးလက်ရွေးစင်အသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဗင်နီစီယပ်စ် ဟာ ကစားသမားဘဝ သွင်းဂိုး ၁၅ဝ ပြည့်မြောက်သည့် မှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ကြောင်း သိရပါတယ်။ ဗင်နီစီယပ်စ် ဟာ ရီးရဲလ်မက်ဒရစ်အသင်းက ဆီဗီလာအသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးပြီးနောက် ယခုလို မှတ်တမ်းတစ်ရပ်ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဗင်နီစီယပ်စ် အနေနဲ့ ကစားသမားဘဝတစ်လျှောက်တွင် ဖလာမင်ဂိုအသင်းနှင့်အတူ ၁၄ ဂိုး၊ ရီးရဲလ်မက်ဒရစ် အသင်းနှင့်အတူ ၁၂၈ ဂိုး၊ ဘရာဇီးလက်ရွေးစင်အသင်းနှင့်အတူ ၈ ဂိုး စုစုပေါင်း ဂိုး ၁၅ဝ ပြည့်မြောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဗင်နီစီယပ်စ် က ကစားသမားဘဝသွင်းဂိုး ၁၅ဝ ပြည့်မြောက်ခဲ့လို့ ဂုဏ်ယူမိကြောင်းနဲ့ နောက်ထပ်လည်း သွင်းဂိုးတွေ ဆက်လက်သွင်းယူနိုင်ဖို့ ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

20 May

ADVERTISE HERE .