“ဘွန်ဒက်လီဂါ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရရှိခဲ့တဲ့ အိုလီဆေး”
20 May
၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ဘွန်ဒက်လီဂါတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဘိုင်ယန်မြူးနစ် အသင်း တောင်ပံကစားသမား အိုလီဆေး က ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။ အိုလီဆေး ဟာ ယခုနှစ်ဘောလုံးရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းကို ဘွန်ဒက်လီဂါချန်ပီယံဆု ဆွတ်ခူး ရရှိအောင် ပံ့ပိုးကူညီနိုင်ခဲ့သလို အသင်းနှင့်အတူ ဘွန်ဒက်လီဂါပွဲစဉ် ၃၂ ပွဲကစားပြီး ၁၅ ဂိုးသွင်းယူကာ ခြေစွမ်းပြ နိုင်ခဲ့ခြင်းကြောင့် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် အိုလီဆေး က ဘွန်ဒက်လီဂါရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့လို့ ပျော်ရွှင်မိပြီး အခုလိုရရှိတာက အသင်းဖော်တွေရဲ့ ပံ့ပိုးကူညီမှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)
20 May