ရုရှားနိုင်ငံတွင် သုံးရက်ကြာ နျူကလီးယားစစ်ရေးလေ့ကျင့်မှု စတင်

20 May

ပြည်ပရန်စွယ်များကို တုံ့ပြန်နိုင်စေရေးအတွက် ရုရှားတပ်မတော်က အသင့်ပြင်ဆင်သည့်အနေဖြင့် သုံးရက်ကြာမြင့်မည့် မဟာဗျူဟာမြောက်နျူကလီးယားစစ်ရေးလေ့ကျင့်ခန်းကို မေလ ၁၉ ရက်တွင်စတင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။ မေလ ၁၉ ရက်မှ ၂၁ ရက်အထိကြာမြင့်မည့်စစ်ရေးလေ့ကျင့် ခန်း၌စစ်သည် အင်အား ၆၄,၀၀၀ နှင့် စစ်လက်နက်ပစ္စည်းစုစုပေါင်း ၇,၈၀၀ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် အမြင့်ပျံ နှင့်အနိမ့်ပျံဒုံးကျည်များပစ်လွှတ်ခြင်းတို့ကိုလည်း စစ်ရေးလေ့ကျင့်မှု၏တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ဆောင်သွား မည်ဖြစ်ကြောင်းနှင့် ယင်းလေ့ကျင့်ခန်းများကိုလီနင်ဂရက်စစ်ဒေသနှင့်အလယ်ပိုင်းတိုင်းစစ်ဒေသတို့၌ လုပ်ဆောင် ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုစစ်လက်နက်ပစ္စည်းများတွင် ဒုံးပစ်လောင်ချာရာပေါင်းများစွာ၊ လေယာဉ်များ၊ သင်္ဘောများနှင့် ရေငုပ် သင်္ဘောများပါဝင်မည်ဖြစ်ကြောင်းနှင့် ရုရှားနိုင်ငံ၏မြောက်ပိုင်းရေယာဉ်စုနှင့်ပစိဖိတ်ရေယာဉ်စုတို့ကလည်း စစ်ရေး လေ့ကျင့်ရာ၌ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဆက်လက် ဖော်ပြထားသည်။ စစ်ရေးလေ့ကျင့်ခန်း၏ အဓိကရည်မှန်းချက်မှာ ပြည်ပ၏တိုက်ခိုက်မှုခံရချိန်တွင် နျူကလီးယားတပ်ဖွဲ့များကို ဖြန့်ကြက်နိုင်ရေး ဖြစ်ကြောင်း The Moscow Times သတင်းဌာနဖော်ပြချက်အရ သိရသည်။

20 May

ADVERTISE HERE .