ရုရှားသမ္မတ ဗလာဒီမာပူတင် ၂၅ ကြိမ်မြောက် ခရီးစဉ်အဖြစ် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ရောက်ရှိ

20 May

ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်သည် တရုတ်နိုင်ငံသို့ ၂၅ ကြိမ်မြောက်ခရီးစဉ် အဖြစ် မေလ ၁၉ ရက်တွင် ပေကျင်းမြို့သို့ ရောက်ရှိလာကြောင်းသိရသည်။ သမ္မတပူတင်သည် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြား ချက်အရ တရုတ်နိုင်ငံသို့နှစ်ရက် ကြာချစ်ကြည်ရေးခရီး လာရောက်ခြင်း ဖြစ်သည်။ သမ္မတပူတင်သည် မေလ ၂၀ ရက်တွင် သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးအခြေအနေများ၊ နှစ်နိုင်ငံကြားမဟာဗျူဟာ မြောက် ဘက်စုံမိတ်ဖက်ဆက်ဆံရေးအခြေအနေများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်သည်။ ထို့ပြင် အဆိုပါဆွေးနွေးမှုများမှတစ်ဆင့်ပူးတွဲကြေညာချက်ထုတ်ပြန်ခြင်းနှင့်နှစ်နိုင်ငံ သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။ အလားတူ သမ္မတပူတင်နှင့် သမ္မတ ရှီကျင့်ဖျင်တို့က ၂၀၂၆-၂၀၂၇ ရုရှား-တရုတ် ပညာသင်နှစ်ဖွင့်ပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်သွားမည် ဖြစ် သည်။ ထို့ပြင် သမ္မတပူတင်သည် တရုတ်နိုင်ငံဝန်ကြီးချုပ် လီကျန်းနှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး ထိုသို့တွေ့ဆုံစဉ်နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဆွေးနွေးသွားမည်ဖြစ်သည်။ ယခုခရီးစဉ်တွင် သမ္မတ ပူတင်နှင့်အတူဒုတိယဝန်ကြီးချုပ်များအားလုံး၊ ရုရှားနိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများမှ ခေါင်းဆောင် များ လိုက်ပါသွားကြောင်း Sputnik သတင်းဌာန ဖော်ပြချက်အရ သိရသည်။

20 May

ADVERTISE HERE .