“ရီးရဲလ်အသင်းကို ပြန်လည်ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့တဲ့ မော်ရင်ဟို”

19 May

ပေါ်တူဂီနည်းပြ မော်ရင်ဟိုနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ပြန်လည်လက်တွဲဖို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။ မော်ရင်ဟိုက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး လာလီဂါနောက်ဆုံးပွဲစဉ် ရီးရဲလ် -ဘီလ်ဘာအို ပွဲအပြီးမှာ စပိန်ကို သွားရောက်ပြီး စာချုပ်ချုပ်ဆိုမှု ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ မော်ရင်ဟိုဟာ ရီးရဲလ်အသင်းကို ၂၀၁၀ မေလကနေ ၂၀၁၃ ဇွန်လအထိ ကိုင်တွယ်ခဲ့ဖူးပြီး လာလီဂါ၊ စပိန်ဘုရင့်ဖလားနဲ့ စပိန်စူပါဖလားတွေ ရရှိခဲ့ပါတယ်။ (NVS 008)

19 May

ADVERTISE HERE .