“နည်းပြ ဟန်ဆီဖလစ်ခ် ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တဲ့ ဘာစီလိုနာအသင်း”
19 May
ဘာစီလိုနာအသင်းက နည်းပြ ဟန်ဆီဖလစ်ခ် ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို လိုက်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ ဂျာမန်လူမျိုး နည်းပြ ဟန်ဆီဖလစ်ခ် ဟာ ဘာစီလိုနာအသင်းကို ၂၀၂၄-၂၅ ရာသီမှာ စတင်ကိုင်တွယ်ခဲ့ပြီး နှစ်ရာသီစလုံး လာလီဂါချန်ပီယံဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာဘုတ်အဖွဲ့ချုပ်ရဲ့ ထောက်ခံချက်အပြည့်ရရှိပြီး သက်တမ်းတိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)
19 May