“မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းရဲ့ နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး မစ်ဆူအိုကာတို ကိုခန့်အပ်”

19 May

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဂျပန်လူမျိုး မစ်ဆူအိုကာတို ကို မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းရဲ့ နည်းပြချုပ်အဖြစ် ၂ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ အသက် ၄၆ နှစ်သာရှိသေးတဲ့ မစ္စတာ မစ်ဆူအိုကာတို ဟာ AFC Pro License နည်းပြလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ပြီး ထိုင်းနဲ့ဂျပန်ဘောလုံးလောကမှာ အတွေ့အကြုံများစွာ ရရှိထားသူဖြစ်ပါတယ်။ ထိုင်းအမျိုးသားလက်ရွေးစင်အသင်းနဲ့ ထိုင်းအမျိုးသမီးလက်ရွေးစင်အသင်းတွေမှာ လက်ထောက်နည်းပြ အဖြစ် ဆောင်ရွက်ခဲ့ဖူးသလို၊ ထိုင်းကလပ်အသင်းကြီးတွေမှာ လက်ထောက်နည်းပြရာထူးအပါအဝင် ရာထူး အမျိုးမျိုးနဲ့ ဆောင်ရွက်ခဲ့ဖူးကြောင်း သိရပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက လာမယ့်ဇွန်လမှာ သုံးနိုင်ငံဖိတ်ခေါ်ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အဲဒီပြိုင်ပွဲအမီ မစ်ဆူအိုကာတိုကို နည်းပြချုပ်သစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ (NVS 008)

19 May

ADVERTISE HERE .