“ဘရာဇီးလ်အသင်းရဲ့ အပြီးသတ်လူစာရင်းမှာ ရွေးချယ်ခံရတဲ့ နေမာ”
19 May
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီ က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အပြီးသတ် ၂၆ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီး နာမည်ကျော်ကစားသမား နေမာ ကို ရွေးချယ်ခဲ့ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ နေမာ ဟာ ဘရာဇီးလ်အသင်းအတွက် ၁၂၈ ပွဲ ကစားထားပြီး ၇၉ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားသူလည်းဖြစ်ပါတယ်။ နေမာ ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ဥရုဂွေးနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဒူးအရွတ်ဒဏ်ရာရပြီးနောက် ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် လက်ရွေးစင်အသင်းနဲ့ ကင်းကွာနေခဲ့ရပါတယ်။ နေမာ အနေနဲ့ အခုရွေးချယ်ခံရမှုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ လေးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပြီး ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂နဲ့ အခု ၂၀၂၆ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ အယ်လစ်ဆန်(လီဗာပူးလ်)၊ ကက်စီမီရိုနဲ့ ကူညာ(မန်ယူ)၊ ဂီမာရေ့စ်(နယူးကာဆယ်)၊ ဂါဘရီယဲလ်(အာဆင်နယ်)၊ အီဂေါသီယာဂို(ဘရန့်ဖိုဒ်)၊ ရာယန်(ဘုန်းမောက်)တို ရွေးချယ်ခံခဲ့ရပါတယ်။ (NVS 008)