“ရာသီကုန်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာတော့မယ့် ဂွါဒီယိုလာ”

19 May

ယခုရာသီကုန်မှာ မန်စီးတီးအသင်းကနေ ဂွါဒီယိုလာ ထွက်ခွာတော့မယ်လို့ သတင်းတွေက ဖော်ပြနေကြ ပါတယ်။ မန်စီးတီးအသင်းကလည်း ဂွါဒီယိုလာ နေရာကိုအစားထိုးဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဂွါဒီယိုလာ ဟာ ယခုရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ မျှော်လင့်ရတယ်လို့ နီးစပ်သူများက ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာ ဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်သေးပြီး မန်စီးတီးအသင်းကလည်း ဂွါဒီယိုလာ ကို ဆက်ရှိနေဖို့ မျှော်လင့်နေပါတယ်။ ဂွါဒီယိုလာ အနေနဲ့ မကြာသေးခင်ကမှ ဝင်ဘလေကွင်းမှာ နောက်ဆုံး လာရောက်ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့ပြီး မန်စီးတီးအသင်းမှာ ဆက်ရှိမယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာ လက်ထက် မန်စီးတီးအသင်းဟာ မေဂျာဖလား ၁၇ လုံးအပါအဝင် ဖလားအလုံး ၂၀ ဆွတ်ခူး နိုင်ခဲ့ပါတယ်။ (NVS 008)

19 May

ADVERTISE HERE .