“မေလ ၂၅ ရက်မှစတင်၍ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံမည်”

19 May

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရေးကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။ လက်ရှိတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် မြို့နယ်နှင့် ရပ်ကွက် များအလိုက် နှိုးဆော်ခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ကျောင်းအပ်နှံရာမှာ KG မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ် ၁ ဒါဇင်၊ ပုံနှိပ်စာအုပ် ၁ စုံ၊ ခဲတံ ၄ ချောင်းနှင့် ကျောင်းဝတ်စုံ ၁ စုံကို အခမဲ့ပေးအပ်သွားမှာဖြစ်ပါတယ်။ အလယ်တန်းနှင့် အထက်တန်းအဆင့် များအတွက် ဗလာစာအုပ် ၁ ဒါဇင်၊ ပုံနှိပ်စာအုပ် ၁ စုံ၊ ခဲတံ ၂ ချောင်းနှင့် ဘောလ်ပင် ၂ ချောင်းတို့ကို အခမဲ့ပေးသွား မယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောင်းအပ်နှံရေးလုပ်ငန်းများကို စနေ၊ တနင်္ဂနွေ အပါအဝင် ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ KG အတန်းသို့ အသက် ၅ နှစ်ပြည့်ပြီးသူများကို အပ်နှံရမည်ဖြစ်ပြီး အသက် ၅ နှစ်ပြည့်ရန် ၂ လလိုအပ်သူများအတွက် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူး၏ ထောက်ခံစာ၊ ၃ လ လိုအပ်သူများ အတွက် ခရိုင်ပညာရေးမှူး၏ ထောက်ခံစာလိုအပ်မည်ဖြစ်ကြောင်း သိရပါတယ်။ အသက် ၆ နှစ်ပြည့် ပြီးသူများကို Grade-1 သို့ အပ်နှံနိုင်မှာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်နှံရာမှာ မိဘများထံမှ မည်သည့်အခကြေးငွေမျှ မကောက်ခံရန် ညွှန်ကြားထားပြီး ကျောင်းအပ်နှံခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာကြည့်တိုက်ကြေးတို့အပါအဝင် မည်သည့်ငွေကြေးကိုမျှ ကောက်ခံခြင်းမပြုရန်နှင့် အလှူငွေ၊ လက်ဆောင်ပစ္စည်းများ လက်ခံခြင်းမပြုရန် တားမြစ်ထားကြောင်း သိရပါတယ်။ (NVS 004)

19 May

ADVERTISE HERE .