“၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအတွက် တင်ဒါဖိတ်ခေါ်”
19 May
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မယ့်လုပ်ငန်းများအတွက် တင်ဒါဖိတ်ခေါ်ခြင်းကို မေလ ၁၈ ရက် မှာ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်အရ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မယ့် Intergarted Digital Tourism Platform (IDTP)ရေးဆွဲခြင်းနှင့် IDTP အတွက် Content များ စုစည်းထုတ်လုပ်လွှင့်တင်ရေး လုပ်ငန်းများအတွက် တင်ဒါခေါ်ယူ ခြင်းဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းများအတွက် တင်ဒါတစ်စောင် တစ်သောင်း(၁၀,၀၀၀/-) ကျပ်နဲ့ မေလ ၁၈ ရက်မှစတင်ကာ နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးရုံးမှာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ တင်ဒါအဆိုပြုလွှာများကို ဇွန်လ ၁ ရက် ညနေ ၄ နာရီ နောက်ဆုံးထားတင်သွင်းရမှာဖြစ်ပြီး ဇွန်လ ၂ ရက်မှာ တင်ဒါ ဖွင့်ဖောက်သွားမှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားတဲ့ ကုမ္ပဏီများအနေနဲ့ အသေးစိတ်အချက်အလက် များကို သိရှိလိုပါက e-Goverment ဌာနခွဲ၊ ဖုန်း ၀၆၇၃- ၄၀၆၄၉၁၊ ၄၀၆၄၉၂ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်း နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ (NVS 004)