ကုန်ဈေးနှုန်းသတင်း ၁၈.၅.၂၀၂၆

18 May

မေလ ၁၈ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ပဲကြီး၊ အာလူးဈေးတွေ အနည်းငယ် တက်လာပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ထန်းလျက်၊ သကြားဈေး တွေကတော့ ဈေးငြိမ်နေပါတယ်။ ပဲပုပ်ဈေးကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၅,၁၆၈ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၅,၀၀၀ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၅,၀၃၅ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၅,၀၀၀ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၆,၆၈၅ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၅၈၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၉,၄၇၅ ကျပ်ကနေ ၁၀,၆၂၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၃၈၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၈၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၀,၅၀၀ ကျပ်ကနေ ၁၁,၁၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၈၀ ကျပ်ကနေ ၁,၈၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၈,၄၂၀ ကျပ်၊ ကြက်သွန်နီ(ဆိတ်ဖြူ) တစ်ပိဿာကို ၁,၇၀၀ ကျပ်ကနေ ၂,၄၅၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာကို ၁၉,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၄၀၀ ကျပ်ကနေ ၆,၃၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/အသား) တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၄,၂၀၀ ကျပ်၊ အာလူး(အောင်ပန်း)တစ်ပိဿာကို ၁,၈၀၀ ကျပ်ကနေ ၂,၄၀၀ ကျပ်၊ ငါးရောင်ကြီး တစ်ပိဿာကို ၅၅,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ်၊ ငါးရောင်လတ် တစ်ပိဿာကို ၄၀,၀၀၀ ကျပ်ကနေ ၄၅,၀၀၀ ကျပ်၊ ငါးရောင်သေး တစ်ပိဿာကို ၃၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၄၆ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၃၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၄၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၄,၅၆၅ ကျပ်၊ မန္တလေးမှာ ၄,၇၅၅ ကျပ်၊ နေပြည်တော်မှာ ၄,၆၉၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၄,၆၄၅ ကျပ်၊ မန္တလေး မှာ ၄,၈၃၅ ကျပ်၊ နေပြည်တော်မှာ ၄,၇၇၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၈၂၀ ကျပ်၊ မန္တလေးမှာ ၅,၀၀၀ ကျပ်၊ နေပြည်တော်မှာ ၄,၉၄၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၈၁၅ ကျပ်၊ မန္တလေးမှာ ၆,၀၀၅ ကျပ်၊ နေပြည်တော်မှာ ၅,၉၄၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၇,၁၀၀,၀၀၀ိ/-) ခုနစ်ဆယ် တစ်သိန်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၁၀,၃၈၀,၀၀၀ိ/-) တစ်ရာ သုံးသိန်း ရှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

18 May

ADVERTISE HERE .