“အတွေးအမြင်ဒဿန၊ လူမှုသိပ္ပံပညာရပ်တွင် တရုတ်နိုင်ငံ၏ ဉာဏစနစ် ပိုမိုလျင်မြန်စွာတည်ဆောက်ရေး အတွက် သမ္မတ ရှီ တိုက်တွန်း”

18 May

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် က အတွေးအမြင်ဒဿန၊ လူမှုသိပ္ပံပညာရပ်တွင် တရုတ်နိုင်ငံ၏ ဉာဏစနစ် တည်ဆောက်ရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် အလေးထားပြောခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ လည်းဖြစ်သူ ရှီ က အတွေးအမြင်ဒဿနနှင့် လူမှုသိပ္ပံပညာရပ်ဆိုင်ရာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင် ရေးအတွက် လမ်းညွှန်ချက်ချမှတ်ရာ၌ အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ ရှီ က ၂၀၁၂ ခုနှစ်တွင် CPC (၁၈)ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံမှစ၍ တရုတ်နိုင်ငံ၏ အတွေးအမြင် ဒဿနနှင့် လူမှုသိပ္ပံအသိုင်းအဝိုင်းသည် အတွေးအမြင်ဆန်းသစ်တီထွင်မှု၊ အယူအဆဆိုင်ရာ တီထွင်ဆန်းသစ်မှုနှင့် နည်းလမ်းဆန်းသစ်မှု တည်ငြိမ်စွာအဆင့်မြှင့်တင်လာခဲ့ကာ အရေးပါသော သုတေသနရလဒ်အများအပြား ထွက်ပေါ် လာခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ ထို့ပြင် စည်းစနစ်ကျ၍ ပညာရပ်ဆိုင်ရာသုတေသနနှင့် ပါတီ၏ သီအိုရီအသစ်များ အဓိပ္ပာယ်ဖော်ဆောင်မှု နက်ရှိုင်းမှုရှိစေရန်လည်း လိုအပ်ကြောင်း ရှီ က အလေးထားပြောခဲ့သည်။ ၎င်းအနေဖြင့် အတွေးအမြင်ဒဿန၊ လူမှုသိပ္ပံပညာရပ်တွင် တရုတ်နိုင်ငံ၏ ဉာဏစနစ် ပိုမိုလျင်မြန်စွာတည်ဆောက်ရေး အရှိန်မြှင့်လုပ်ဆောင်ရန်၊ တရုတ် နိုင်ငံ၊ ကမ္ဘာကြီး၊ ပြည်သူများ၊ ခေတ်ကာလစသည်တို့က ဖော်ထုတ်လာသောမေးခွန်းများကို ပိုမိုကောင်းမွန်စွာ တုံ့ပြန် ဖြေကြားရန်၊ အတွေးအမြင်ဒဿန၊ လူမှုသိပ္ပံပညာရပ် အရည်အသွေးမြင့်မားစွာ ဖော်ဆောင်ရာတွင် တိုးတက်မှု အသစ်များ ကြိုးပမ်းဆောင်ရွက်ရန်နှင့် တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းရေး မြှင့်တင်ရာတွင် ဉာဏ်ပညာနှင့် ခွန်အားများ ထောက်ပံ့ပေးအပ်နိုင်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)

18 May

ADVERTISE HERE .