“အမေရိကန် ဗဟိုဘဏ်က Jerome Powell ကို ယာယီဥက္ကဋ္ဌအဖြစ် ခန့်အပ်”

18 May

အမေရိကန်ဗဟိုဘဏ် ဘုတ်အဖွဲ့သည် Kevin Warsh က အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ကျမ်းသစ္စာ ကျိန်ဆို၍ စတင်တာဝန်ထမ်းဆောင်ခြင်းမပြုမီအထိ Jerome Powell အား အမေရိကန်ဗဟိုဘဏ် ယာယီဥက္ကဋ္ဌအဖြစ် ခန့်အပ်ကြောင်း မေလ ၁၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယာယီဥက္ကဋ္ဌခန့်အပ်ခြင်းသည် ယခင်အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ လွှဲပြောင်းသည့်ကာလတွင် လုပ်ဆောင်ချက် များနှင့်ကိုက်ညီကြောင်း ကြေညာချက်က ဆိုထားသည်။ Kevin Warsh သည် Jerome Powell အစား အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် သွားမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်မည့်ကာလမှာ ၄ နှစ်ဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်က မေလ ၁၃ ရက်တွင် တရားဝင်မဲခွဲအတည်ပြုခဲ့သည်။ Jerome Powell ၏ တာဝန်ထမ်းဆောင်သည့်ကာလသည် မေလ ၁၅ ရက် တွင် သက်တမ်းကုန်ဆုံးခဲ့သည်။ သတ်မှတ်ချက်အရ Kevin Warsh သည် အမေရိကန်သမ္မတ၏ လက်မှတ်ရေးထိုး သော ခန့်အပ်လွှာရရှိပြီး ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကျင်းပခြင်း စသည့်လုပ်ငန်းစဉ်များပြီးမှသာ စတင်၍ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်သည်။ အမေရိကန်ဗဟိုဘဏ် ကြီးကြပ်ရေးဆိုင်ရာဒုတိယဥက္ကဋ္ဌ Michelle W.Bowman နှင့် အမေရိကန်ဗဟိုဘဏ် ဘုတ်အဖွဲ့ဝင် Stephen I.Miran တို့က ပူးတွဲကြေညာချက်ထုတ်ပြန်၍ ၎င်းတို့အနေဖြင့် Kevin Warsh သည် အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ကျမ်းသစ္စာကျိန်ဆို၍ စတင်တာဝန်ထမ်းဆောင်ခြင်းမပြုမီအထိ Jerome Powell အား အမေရိကန်ဗဟိုဘဏ် ယာယီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းကို ထောက်ခံအားပေးကြောင်း၊ သို့သော် ယာယီဥက္ကဋ္ဌ အတွက် သီတင်းပတ်တစ်ပတ်မှ တစ်လအထိ ကာလသတ်မှတ်ပေးသင့်သည်ဟု ယူဆကြောင်း၊ ဥက္ကဋ္ဌအသစ်က ထိုကာလအတွင်း ကျမ်းသစ္စာကျိန်ဆို၍ တာဝန်ထမ်းဆောင်ခြင်းမရှိပါက အမေရိကန်ဗဟိုဘဏ်ဘုတ်အဖွဲ့က ထပ်မံ မဲခွဲပေးရန်လိုအပ်ရန်ကြောင်း သို့မဟုတ် သမ္မတက လုပ်ဆောင်ချက်များ ပြုလုပ်နိုင်ကြောင်း ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

18 May

ADVERTISE HERE .