“ဝါရင့်ဂိုးသမား နူးအာ ကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်း”
18 May
ဘိုင်ယန်မြူးနစ်အသင်းဟာ အသက် ၄၀ ရှိပြီဖြစ်တဲ့ ဝါရင့်ဂိုးသမား နူးအာ ကို ၂၀၂၇ ခုနှစ်အထိ တစ်နှစ် စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ နူးအာ ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ၁၅ ရာသီအတွင်း ဘွန်ဒစ်လီဂါချန်ပီယံဆုကို ၁၃ ကြိမ် ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီ ဟာ အသင်းအနာဂတ်အတွက် ၂၂ နှစ်အရွယ်ဂိုးသမား အူဘစ် ကို ဘွန်ဒစ်လီဂါ လေးပွဲဆက်တိုက် ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ရှော်လ်ကေးကနေ ဘိုင်ယန်မြူးနစ် အသင်းကို ရောက်ရှိလာခဲ့တဲ့ နူးအာ ဟာ အခုရာသီမှာ ဘွန်ဒစ်လီဂါ ၂၁ ပွဲနဲ့ ချန်ပီယံလိဂ် ၁၁ ပွဲ ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။ နူးအာ ဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၅၉၇ ပွဲ ကစားထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ အရန်ဂိုးသမားတစ်ဦးဖြစ်တဲ့ အူလ်ရစ်ချ်ကိုလည်း ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးခဲ့ပါတယ်။ (NVS 008)
18 May