“မန်ယူအသင်းနောက်ခံလူ ဒီလစ် ကျောဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်မည်”
18 May
မန်ယူအသင်းက ဒတ်ချ်လက်ရွေးစင်နောက်ခံလူ ဒီလစ် ဟာ ကျောဒဏ်ရာ ခွဲစိတ်ကုသမှုခံယူခဲ့လို့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပြီဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဒီလစ် ဟာ နိုဝင်ဘာလ ၃၀ ရက် ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲပြီးကတည်းက အသင်းအတွက် ပွဲထွက်ကစားနိုင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။ ဒီလစ် ဟာ ဆေးရုံလူနာကုတင်ကနေ လက်မထောင်နေတဲ့ပုံကို သူ့ရဲ့လူမှုကွန်ရက်ကနေ တင်ခဲ့ပါတယ်။ ဒီလစ် က ဘောလုံးပြန်ကစားဖို့ ခြောက်လကြာကုသမှုနဲ့ ကြိုးစားခဲ့ ပြီးနောက် ခွဲစိတ်ကုသမှုခံယူခြင်းကသာ တစ်ခုတည်းသော လုပ်ဆောင်ရတော့မယ့်အရာလို့လည်း ပြောကြားခဲ့ပါတယ်။ ဒီလစ် အနေနဲ့ ပြီးခဲ့တဲ့လက အသင်းလေ့ကျင့်ရေးကွင်းမှာ အပေါ့စားလေ့ကျင့်ခန်းဆင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ပြန်ကစားနိုင်လောက်တဲ့အထိ အခြေအနေ မရောက်သေးတာ ဖြစ်ပါတယ်။ (NVS 008)
18 May