“အာရှချန်ပီယံ Legue-2 ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အယ်လ်နာဆာအသင်း”

18 May

အာရှချန်ပီယံ Legue-2 ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နာမည်ကြီး အယ်လ်နာဆာအသင်းဟာ ဂျပန်ကလပ် ဂမ်ဘာအို ဆာကာအသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဂမ်ဘာအိုဆာကာအသင်းက တစ်ကြိမ်တည်းသော ဂိုးပေါက်တည့်ကန်ချက်ကနေ အနိုင်ဂိုးရသွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ဒီဇင်ဘာလမှာ အယ်လ်နာဆာအသင်းကို ရောက်လာတဲ့ စီရော်နယ်လ်ဒို အတွက် ပထမဆုံး အဓိကဖလားနဲ့ ထပ်မံလွဲချော်ခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်လ်ဒို အနေနဲ့ အာရပ်ကလပ် ချန်ပီယံများဖလားတစ်လုံးသာ ဆွတ်ခူးခဲ့ပြီး ဗိုလ်လုပွဲ လေးကြိမ်ဆက် အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယား တတိယနေရာသာ ရရှိခဲ့တဲ့ အယ်လ်နာဆာအသင်းဟာ အယ်လ်အာလီ အသင်း အာရှချန်ပီယံဖြစ်ခဲ့လို့ ဒုတိယတန်းစား အာရှချန်ပီယံ Legue-2 ပြိုင်ပွဲသာ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ စီရော်နယ်လ်ဒို အနေနဲ့ ဆော်ဒီပရိုလိဂ်မှာတော့ အယ်လ်နာဆာနဲ့အတူ အမှတ်ပေးချန်ပီယံဖြစ်ဖို့ နီးစပ်နေပါတယ်။ (NVS 008)

18 May

ADVERTISE HERE .