“ရာသီကုန်မှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာမယ့် လီဝန်ဒေါစကီး”
18 May
ဘာစီလိုနာအသင်းမှ တိုက်စစ်မှူး လီဝန်ဒေါစကီးက ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် လီဝန်ဒေါစကီး ဟာ အခုရာသီကုန်တွင် ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ အသုံးစရိတ်လျှော့ချနိုင်ရန် အခုနှစ်အစောပိုင်းကတည်းက လီဝန်ဒေါစကီးကို စာချုပ်သက်တမ်းမတိုးတော့ဖို့ ဆုံးဖြတ်ထားပါတယ်။ လီဝန်ဒေါစကီး အနေနဲ့ ဘာစီလိုနာ အသင်းမှာ လာလီဂါဖလား သုံးကြိမ်၊ စပိန်စူပါဖလား သုံးကြိမ်နဲ့ စပိန်ဘုရင့်ဖလား တစ်ကြိမ် ဆွတ်ခူးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကနေ ယူရို ၄၅ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ လီဝန်ဒေါစကီးဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၉၁ ပွဲကစား၊ ၁၁၉ ဂိုး သွင်းယူပေးထားပါတယ်။ လက်ရှိမှာ လီဝန်ဒေါစကီးကို ဥရောပ၊ ဆော်ဒီအာရေဗျနဲ့ အမေရိကန် ကလပ်တွေကခေါ်ယူရန် စိတ်ဝင်စားနေကြပါတယ်။ (NVS 008)
18 May