“ရီးရဲလ်အသင်းနဲ့ သတင်းတွေကို မော်ရင်ဟို အတည်ပြုခဲ့”
18 May
ဘင်ဖီကာအသင်းနည်းပြ ဂျိုဆေးမော်ရင်ဟိုက လာလီဂါထိပ်သီးကလပ် ရီးရဲလ်အသင်းကို ပြန်လာမယ်ဆိုတဲ့ သတင်းကို အတည်ပြုခဲ့ပါတယ်။ မော်ရင်ဟို က အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ် ဟာ ရီးရဲလ်အသင်းနဲ့ ဆက်သွယ် ဆွေးနွေးနေတယ်လို့ပြောကြားခဲ့ပြီး လာမယ့်အပတ်ရောက်မှ သူရဲ့အနာဂတ်နဲ့ပတ်သတ်ပြီး ဆုံးဖြတ်ချက်ချသွား မယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ မော်ရင်ဟို ဟာ ဘင်ဖီကာအသင်းကို အခုရာသီမှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် အမှတ်ပေးဇယား မှာ တတိယနေရာသာရရှိခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။ ဘင်ဖီကာအသင်းကတော့ မော်ရင်ဟိုနဲ့ ယခင်စာချုပ်ဟာ အခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးပေမဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒရှိခဲ့ပါတယ်။ (NVS 008)
18 May