“ရန်ကုန်မှာ ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ တိုက်ခန်းနေပြည်သူများ လမ်းပေါ်ဆင်းရတဲ့ အထိဖြစ်ခဲ့”

18 May

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့အနီးကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၅ ဒသမ ၂ အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့လို့ မြို့နယ်အများစုမှာ ခံစားခဲ့ရပြီး မြို့နေပြည်သူများ စိုးရိမ်ခဲ့ရသလို တိုက်ခန်းနေပြည်သူများ လမ်းပေါ်သို့ ဆင်းခဲ့ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မိုးလေဝသနှင့် ဇလဗဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မေလ ၁၈ ရက်၊ မနက် ၈ နာရီ ၃၅ မိနစ်၊ ၂၆ စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် ၂၇ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကျောက်တန်းမြို့နယ်၏ တောင်ဘက် ၉ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၆ ဒသမ ၅၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၃၄ ဒီဂရီ၊ အနက် ၄၀ ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၅ ဒသမ ၂(M) အဆင့်ရှိ အင်အားအတင့်အသင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ထုတ်ပြန်ချက်အရ သိပါတယ်။ (NVS 004)

18 May

ADVERTISE HERE .