“ရုရှားသမ္မတ ဗလာဒီမာပူတင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားမည်”
17 May
ရုရှားသမ္မတ ဗလာဒီမာပူတင် သည် မေလ ၁၉ ရက်မှ ၂ဝ ရက်အထိ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားမည်ဟု ရုရှားသမ္မတရုံးက ထုတ်ပြန်ထားသည်။ ရုရှားသမ္မတသည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် ၏ ဖိတ်ကြား ချက်အရ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံး၏ မေလ ၁၆ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါချစ်ကြည်ရေးခရီးစဉ်အတွင်း ပူတင် နှင့် ရှီကျင့်ဖျင် တို့သည် နှစ်နိုင်ငံကြား ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ မဟာဗျူဟာမြောက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာစေရေးအတွက် နည်းလမ်း များကို ဆွေးနွေးသွားမည့်အပြင် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာကိစ္စရပ်များနှင့် ပတ်သက်၍လည်း အမြင်ချင်း ဖလှယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ ထို့ပြင် နှစ်နိုင်ငံကြား သဘောတူညီချက်များစွာကို လက်မှတ်ထိုးမည့်အပြင် ပူးတွဲကြေညာချက်ကိုလည်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။