“ဘရာဇီးအသင်းနှင့် ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တဲ့ နည်းပြ အန်ဆယ်လော့တီ”

16 May

ဘရာဇီးလက်ရွေးစင်အသင်းက အသင်းနည်းပြ အန်ဆယ်လော့တီ ကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ နည်းပြ အန်ဆယ်လော့တီ အနေနဲ့ ယခုစာချုပ်သစ်ကြောင့် တစ်နှစ်လုပ်ခလစာငွေ ယူရို ၁ဝ သန်းထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။ နည်းပြ အန်ဆယ်လော့တီ က ဘရာဇီးလက်ရွေးစင်အသင်းအား ၂ဝ၂၅ ခုနှစ် မေလ ၂၆ ရက်မှာ စတင် ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲ ၁ဝ ပွဲတွင် ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ အသက် ၆၆ နှစ်အရွယ် အန်ဆယ်လော့တီ က အသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခွင့်ရလို့ ပျော်ရွှင် မိကြောင်းနဲ့ အောင်ပွဲတွေရယူပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

16 May

ADVERTISE HERE .