“ရိုးမားအသင်းက မာလန် ကို အပြီးသတ်ခေါ်ယူ”

16 May

ရိုးမားအသင်းက အက်စတွန်ဗီလာအသင်းမှ အငှားဖြင့်ခေါ်ယူထားသည့် တိုက်စစ်မှူး မာလန် ကို အပြီးသတ် ခေါ်ယူခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပြီး ၂ဝ၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ တိုက်စစ်မှူး မာလန် ဟာ ယခုနှစ်ဘောလုံးရာသီတွင် အက်စတွန်ဗီလာအသင်းမှ ရိုးမားအသင်းသို့ အငှားပြောင်းရွှေ့ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၁၈ ပွဲကစားကာ ၁၄ ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ရိုးမားအသင်းက အပြီးသတ်ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် မာလန် က ရိုးမားအသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခွင့်ရလို့ ပျော်ရွှင်မိပြီး အနာဂတ်မှာ အသင်းနဲ့အတူ အောင်မြင်မှုဆုဖလားတွေ ရယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။(NVS 008)

16 May

ADVERTISE HERE .