“၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်သစ်အသင်း အပြီးသတ်ကစားသမားစာရင်းထုတ်ပြန်”

16 May

ပြင်သစ်အသင်းနည်းပြ ဒက်ချမ့် က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား ၂၆ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီး အဆိုပါကစားသမားစာရင်းတွင် တိုက်စစ်ကစားသမား ခြောက်ဦးအထိ ပါဝင်လာခဲ့ပါတယ်။ ပြင်သစ်အသင်း ကစားသမားစာရင်းတွင် ဂိုးသမားနေရာ၌ ရင်းနက်အသင်းမှ ဆမ်ဘာ၊ အေစီမီလန်အသင်းမှ မိုက်မိုင်နန်၊ လန်းအသင်းမှ ရီဆား၊ ခံစစ်ကစားသမားနေရာ၌ ချဲယ်ဆီးအသင်းမှ ဂတ်စတို၊ အက်စ်တွန်ဗီလာအသင်းမှ ဒစ်နေး၊ ဘိုင်ယန်မြူးနစ်အသင်းမှ အူပါမီကာနို၊ အာဆင်နယ်အသင်းမှ ဆာလီဘ၊ လီဗာပူးအသင်းမှ ကိုနာတေး၊ ဘာစီလိုနာအသင်းမှ ခွန်ဒီ၊ အယ်ဟီလယ်အသင်းမှ သီယာဂိုဟာနန်ဒက်၊ ပီအက်စ်ဂျီအသင်းမှ လူးကပ်ဟာနန်ဒက်၊ ခရစ္စတယ်ပဲလေ့စ်အသင်းမှ လာခရစ်၊ ကွင်းလယ်ကစားသမားနေရာ၌ ပီအက်စ်ဂျီအသင်းမှ ဇိုင်အမ်မရီ၊ ရီးရဲလ် မက်ဒရစ်အသင်းမှ ချူအာမန်နီ၊ ဖီနာဘာချီအသင်းမှ ကန်တီ၊ အေစီမီလန်အသင်းမှ ရာဘီယော့၊ မန်စီးတီးအသင်းမှ ချက်ကီ နှင့် ရိုးမားအသင်းမှ ကိုနေး တို့ ပါဝင်လာခဲ့ပါတယ်။ တိုက်စစ်ကစားသမားနေရာ၌ ပီအက်စ်ဂျီအသင်းမှ ဒမ်ဘီလီ၊ ဘာကိုလာ နှင့် ဒူအီ၊ အင်တာမီလန်အသင်းမှ သူရမ်၊ ရီးရဲလ်မက်ဒရစ်အသင်းမှ အမ်ဘာပေ၊ ဘိုင်ယန်မြူးနစ်အသင်းမှ အိုလီဆီ၊ ခရစ္စတယ်ပဲလေ့စ်အသင်းမှ မာတီတာ၊ မိုနာကိုအသင်းမှ အက်ကီလီယိုချီ တို့ပါဝင်လာခဲ့ပါတယ်။(NVS 008)

16 May

ADVERTISE HERE .