“လိုက်ပ်ဇစ်အသင်းမှာ ဆက်ရှိနေမယ်လို့ဆိုတဲ့ ဒီအိုမန်ဒီ”

16 May

လီဗာပူးလ်အသင်းအပါအဝင် ဥရောပထိပ်တန်းအသင်းအများစုက ခေါ်ယူဖို့စိတ်ဝင်စားနေကြပေမယ့် လာမယ့်ရာသီတွင် လိုက်ပ်ဇစ်အသင်းမှာပဲ ဆက်နေဖို့ဆန္ဒရှိတယ်လို့ လူငယ်တောင်ပံကစားသမား ဒီအိုမန်ဒီ က အတည်ပြုလိုက်ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဒီအိုမန်ဒီ ဟာ ပြီးခဲ့တဲ့နွေရာသီကမှ လီဂါနက်စ်အသင်းကနေ လိုက်ပ်ဇစ်အသင်းဆီကို ယူရိုသန်း ၂၀ နဲ့ရောက်လာခဲ့တာဖြစ်ပြီး လိုက်ပ်ဇစ်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းအများစုရဲ့ စောင့်ကြည့်ခြင်းကိုခံနေရပြီး လီဗာပူးအသင်းကတော့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင် ဒီအိုမန်ဒီ ကတော့ လိုက်ပ်ဇစ်အသင်းရဲ့ ယုံကြည်မှု အတွက် ပြန်လည်ပေးဆပ်ဖို့ဆန္ဒရှိနေပြီး လိုက်ပ်ဇစ်အသင်းနဲ့ စာချုပ်ပြည့်တဲ့ ၂၀၃၀ ခုနှစ်အထိ အသင်းမှာဆက်နေ သွားဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ ဒီအိုမန်ဒီ က အသင်းမှာဆက်နေဖို့ ဆန္ဒရှိတယ်ဆိုပေမယ့် သတင်းတွေအရတော့ လိုက်ပ်ဇစ်အသင်းဟာ ဒီအိုမန်ဒီ အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေး ရခဲ့မယ်ဆိုရင် ရောင်းချဖွယ်ရှိတယ်လို့ သိရပါတယ်။(NVS 008)

16 May

ADVERTISE HERE .