“ဒူးဒဏ်ရာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖွယ်ရှိတဲ့ ဘန်ဝှိုက်”
16 May
အင်္ဂလန်အသင်းနှင့် အာဆင်နယ်အသင်း ခံစစ်ကစားသမား ဘန်ဝှိုက် က ဒူးဒဏ်ရာကြောင့် အာဆင်နယ် အသင်းနှင့်အတူ ယခုဘောလုံးရာသီကုန်အထိ အနားယူရမှာဖြစ်တဲ့အပြင် အင်္ဂလန်အသင်းနှင့်လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ဘန်ဝှိုက် ဟာ အာဆင်နယ်အသင်းက ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိသည့် ပွဲစဉ်၌ ပွဲချိန် ၂၀ မိနစ်တွင် ဒူးဒဏ်ရာရရှိပြီးနောက် လူစားလဲခဲ့ရပြီး ဒဏ်ရာနှင့်ပတ်သက်၍ အသေးစိတ်ဆေးစစ်မှုများ လုပ်ဆောင်ရာတွင် ဒဏ်ရာပြင်းထန်သည့်အတွက် အနည်းဆုံးတစ်လကျော် အနားယူရမှာဖြစ်ပါတယ်။ ဘန်ဝှိုက် အနေနဲ့ ဒဏ်ရာကြောင့် တစ်လကျော်အနားယူရမှာဖြစ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်နိုင်မှာ ဖြစ်ပါတယ်။ ဘန်ဝှိုက် ဟာ ယခုဘောလုံးရာသီမှာ အာဆင်နယ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြလျက်ရှိပြီး နည်းပြ အာတီတာ လက်အောက်တွင် အဓိကခံစစ်ကစားသမားအဖြစ် ပါဝင်နေသူဖြစ်ပါတယ်။(NVS 008)