“ရီးရဲလ်မက်ဒရစ်အသင်းက မော်ရင်ဟို ကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ရန် နီးစပ်နေပြီး နောက်ဆုံးအဆင့် ဆွေးနွေးမှုများပြုလုပ်”

16 May

ရီးရဲလ်အသင်းက ယခုဘောလုံးရာသီအကုန်မှာ နည်းပြသစ်အဖြစ် နည်းပြ မော်ရင်ဟို ကိုခန့်အပ်နိုင်ရန် နီးစပ် နေပြီး နောက်ဆုံးအဆင့်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါတယ်။ ရီးရဲလ်အသင်းက ယခုဘောလုံးရာသီမှာ နည်းပြ အလွန်ဆို ကို ရာထူးမှထုတ်ပယ်ပြီးနောက် ယခုဘောလုံး ရာသီကုန်အထိ ယာယီနည်းပြအဖြစ် နည်းပြ အာဘီလိုအာ ကို တာဝန်ပေးထားတာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်း အနေနဲ့ နည်းပြ အာဘီလိုအာ လက်အောက်မှာ ရလဒ်များမတည်မငြိမ်ဖြစ်ခဲ့ပြီး စပိန်လာလီဂါပြိုင်ပွဲမှာ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပြီးနောက် ရာသီအကုန်တွင် နည်းပြသစ်ခန့်အပ်ရန် ကြိုးပမ်းလာခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ မော်ရင်ဟို က ဖီနာဘာချီအသင်းနှင့် လမ်းခွဲပြီးနောက် ယခုဘောလုံးရာသီမှာ ဘင်ဖီကာအသင်းကို နှစ်နှစ်စာချုပ်ဖြင့် တာဝန်ယူကိုင်တွယ်နေသူဖြစ်ပြီး အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးရန် တစ်နှစ်ကျန်ရှိနေသေး ပေမယ့် ရီးရဲလ်အသင်းက ရာသီအကုန်မှာ နည်းပြသစ်အဖြစ်ခန့်အပ်ရန် ဆွေးနွေးမှုများလုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။(NVS 008)

16 May

ADVERTISE HERE .