“ပါလက်စတိုင်းအလံ ကိုင်ဆောင်ကာ အောင်ပွဲခံခဲ့တဲ့ ယာမယ် ကို ကာကွယ်ပေးခဲ့တဲ့ နည်းပြ ဟန်ဆီဖလစ်ခ်”
15 May
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ် က အသင်းရဲ့အောင်ပွဲခံလှည့်လှည်မှုမှာ တိုက်စစ်ကစားသမား ယာမယ် က ပါလက်စတိုင်းအလံ ကိုင်ဆောင်ခဲ့ခြင်းအတွက် ယာမယ် အနေနဲ့ သူ့ဘာသာဆုံးဖြတ်လုပ်ဆောင်နိုင်တဲ့ အသက်အရွယ် ရောက်နေပြီဖြစ်ကြောင်း ဖြေရှင်းပြောကြားခဲ့ပါတယ်။ လာလီဂါချန်ပီယံဆု နှစ်ရာသီဆက်တိုက်ရရှိခဲ့တဲ့ ဘာစီလိုနာအသင်းဟာ တနင်္လာနေ့က ဘာစီလိုနာမြို့ အတွင်း အမိုးဖွင့်ဘတ်စ်ကားနဲ့ လှည့်လှည်အောင်ပွဲခံခဲ့တာဖြစ်ပြီး ပရိသတ် ၇ သိန်းခွဲခန့် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ဟန်ဆီဖလစ်ခ် က ယာမယ်အနေနဲ့ လုံလောက်တဲ့ အသက်အရွယ် ရောက်နေ ပြီဖြစ်တာကြောင့် ဆန္ဒရှိရင်လည်း လုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဟန်ဆီဖလစ်ခ် က ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့တဲ့ နှစ်ရာသီစလုံး လာလီဂါချန်ပီယံဆု ရယူပေးနိုင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 008)