“မေဂျာလိဂ်ပြိုင်ပွဲမှာ ၃ နှစ်ဆက်တိုက် လစာအများဆုံးကစားသမားဖြစ်လာတဲ့ မက်ဆီ”
15 May
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ ဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ လစာအများဆုံးကစားသမားအဖြစ် ၃ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ မေဂျာလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတွေသုံးစွဲရတဲ့ လစာငွေပမာဏနဲ့ ကစားသမားတွေရရှိနေတဲ့ လစာနှုန်း ထားတွေကို ထုတ်ပြန်ခဲ့ရာမှာ မက်ဆီ က ၂၀၂၆ ခုနှစ်အတွက် အခြေခံလစာ ဒေါ်လာ ၂၈ ဒသမ ၃၃ သန်း ရရှိမှာ ဖြစ်တာကြောင့် ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခြင်းဖြစ်ကြောင်း သိရပါတယ်။ မက်ဆီ ဟာ အင်တာမိုင်ယာမီအသင်းကို ၂၀၂၃ ဇူလိုင်လမှာ ရောက်ရှိခဲ့သူပြီး ၂၀၂၄၊ ၂၀၂၅၊ ၂၀၂၆ (၃)နှစ်ဆက်တိုက် မေဂျာလိဂ်ရဲ့ လစာအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီက ပြီးခဲ့တဲ့ ၂၀၂၅ တုန်းက တစ်နှစ်လစာ ဒေါ်လာ ၂၀ ဒသမ ၄၅ သန်းရရှိခဲ့တာကြောင့် ဒီနှစ်လစာက စံချိန်သစ်ဖြစ်ခဲ့ပြီး ဒုတိယအများဆုံးကစားသမားဖြစ်တဲ့ ဆွန်ဟောင်မင် က ဒေါ်လာ ၁၁ ဒသမ ၁၅ သန်းထက် နှစ်ဆကျော်ရရှိနေခြင်း ဖြစ်ပါတယ်။ (NVS 008)