“လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန် အသိပညာပေးမှုကာလ တစ်ပတ်ထပ်မံတိုးမြှင့်”
15 May
လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန် အသိပညာပေးမှုကာလ တစ်ပတ်တိုးမြှင့်ပေးထားကြောင်း သိရပါတယ်။ အခုလိုအသိပညာပေးမှုကို မေလ ၇ ရက်ကနေ စတင်ကာ တစ်ပတ်ပြုလုပ်ခဲ့ပြီးနောက် မေလ ၁၄ ရက်မှာ တစ်ပတ်ထပ်မံတိုးမြှင့်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းရက်သတ္တပတ်ကျော်လွန်ပြီးပါက စတင်အရေးယူမှုများ ရှိလာမယ်လို့ သိရပါတယ်။ လတ်တလော၌ အသိပညာပေးမှုများကို ရန်ကုန်မြို့ရှိ လမ်းဆုံ၊ လမ်းခွနှင့် လူကူးကုန်းကျော် တံတားများရှိတဲ့ နေရာများနှင့် အခြားမြို့နယ်များရှိ လူစည်ကားရာ မီးပွိုင့်များတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ YRTC နှင့် အခြားဌာနဆိုင်ရာတို့မှ ပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ်။ (NVS 004)
15 May